၁၉၈၆ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အာဂျင်တီးနား ဂန္ထဝင် ကစားသမား မာရာဒိုနာက အင်္ဂလန် အသင်းနှင့် ပွဲစဉ်၌ "ဘုရားပေးသောလက်" (Hand of God) ဟု ကျော်ကြားခဲ့သည့် လက်ဖြင့် ပုတ်သွင်းယူခဲ့သော သမိုင်းဝင် ဘောလုံးကို ဩဂုတ် ၂၃ ရက်က ပြုလုပ်သည့် Heritage Auctions လေလံပွဲ၌ ဒေါ်လာ ၃.၃၅ သန်းဖြင့်သာ လေလံတင် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။အဆိုပါ ပွဲစဉ်တွင် အသုံးပြုခဲ့သည့် ဘောလုံးကို ပွဲစဉ်ဒိုင်လူကြီးဖြစ်သူ တူနီးရှားအမျိုးသား အလီဘင်နက်ဆာက သိမ်းဆည်းထားခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဒေါ်လာ ၂.၃၇ သန်းဖြင့် ပထမအကြိမ် လေလံတင် ရောင်းချခဲ့ခြင်း ဖြစ်သည်။ယခု လေလံပွဲတွင် ဘောလုံးပိုင်ရှင်အသစ်က ဒေါ်လာ ၁၀ သန်းအထိ ရရှိရန် မျှော်လင့်ခဲ့သော်လည်း မျှော်မှန်းထားသည်ထက် လျှော့နည်းကာ ဒေါ်လာ ၃.၃၅ သန်းဖြင့်သာ ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်။
Aug 25 • 2:02 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 27 | 0 | 0 | 0 |


