back

ပဲခူးတိုင်း၊ တောင်ငူမြို့၌ ကြေးဆင်းတုများ၏ လက်တော်များ ဖြတ်တောက်ခိုးယူခဲ့သည့် အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးရမိခဲ့

Aug 25 • 2:01 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးတိုင်း၊ တောင်ငူမြို့၌ ကြေးဆင်းတုများ၏ လက်တော်များ ဖြတ်တောက်ခိုးယူခဲ့သည့် အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးရမိခဲ့

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ (ကေတုမတီ) ဘိုးဘွားရိပ်သာအတွင်းရှိ စေတီငယ်မှ ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်များ၏ လက်တော်များကို ဖြတ်တောက် ခိုးယူခဲ့သူ အသက် ၁၃ နှစ်အရွယ်...

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ (ကေတုမတီ) ဘိုးဘွားရိပ်သာအတွင်းရှိ စေတီငယ်မှ ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်များ၏ လက်တော်များကို ဖြတ်တောက် ခိုးယူခဲ့သူ အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးကို ယမန်နေ့ နံနက်ပိုင်းတွင် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း တောင်ငူမြို့မရဲစခန်းမှ သိရသည်။အဆိုပါ ကြေးဆင်းတုများ၏ ဝဲဘက် လက်ကောက်ဝတ်ရင်းမှ လက်တော်များ ဖြတ်တောက် ခိုးယူခံရသည့် ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။တောင်ငူမြို့မရဲစခန်းမှ တာဝန်ရှိသူများ နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီး နောက်ကျော၊ ကျုံးပတ်လမ်း၌ အဆိုပါ မသင်္ကာဖွယ် လူငယ်အား စစ်ဆေးတွေ့ရှိခဲ့ရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

news-view-count-icon

37