အဆုတ်ပိုးဝင် ရောဂါဖြင့် အသက် ၆၆ နှစ်အရွယ်တွင် ကွယ်လွန်သွားသည့် နာမည်ကျော် တေးသံရှင် ကိုင်ဇာ (ကိုညီ) ၏ ဈာပန အခမ်းအနားကို ဩဂုတ် ၂၄ ရက် ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်၌ ကျင်းပခဲ့ပြီး ဂူသွင်း သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။အဆိုပါ နောက်ဆုံးခရီးစဉ်သို့ တေးချစ်သူ ပရိသတ်များ၊ ဂီတလောကသားများနှင့် မိတ်ဆွေများ လိုက်ပါ ပို့ဆောင်ခဲ့ကြပြီး၊ တေးသံရှင် ဂရေဟမ်နှင့် အောင်နိုင် (ပန်းခရမ်းပြာ) တို့ကလည်း ၎င်း၏ ကွယ်လွန်မှုသည် ဂီတလောကအတွက် အစားထိုးမရသည့် ဆုံးရှုံးမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။တေးသံရှင် ကိုင်ဇာသည် ၁၉၇၇ ခုနှစ်တွင် "အကျည်းတန်၏ အထီးကျန်အတ္ထုပ္ပတ္တိ" တေးစီးရီးဖြင့် ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး၊ ကိုယ်ပိုင်သံစဉ်နှင့် စုံတွဲတေးသီချင်းပေါင်းများစွာဖြင့် ပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့သူ ဖြစ်သည်။
Aug 25 • 1:54 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 32 | 0 | 0 | 0 |


