ထိုင်းနိုင်ငံ၊ ဘူရီရမ်ပြည်နယ်၊ ခရဆန်ခရိုင်ရှိ သာဆဝမ်ဘုန်းကြီးကျောင်း၌ ကျောင်းဝန်းအတွင်း ပြုပြင်ရန် ကျောက်များသယ်ယူရာတွင် Pickup ကား အသုံးပြုမည်၊ မပြုမည် ဆိုသည့်ကိစ္စအပေါ် အငြင်းပွားရာမှ ဝါရင့်ဘုန်းကြီးတစ်ပါးနှင့် ဝါနည်းဘုန်းကြီးတစ်ပါးတို့ လက်သီးချင်းထိုးကြိတ်သည့် ဖြစ်စဉ်တစ်ခု ဩဂုတ် ၂၄ ရက်က ဖြစ်ပွားခဲ့သည်။ဖြစ်စဉ်မှာ ဝါတွင်းကာလ မကြာသေးမီကမှ ရဟန်းဝတ်ထားသည့် အသက် ၂၁ နှစ်အရွယ် ရဟန်းအနုဆွန်က ကျောင်းဝန်းအတွင်း ချိုင့်ခွက်များ ပြုပြင်ရန် ကားသော့တောင်းရာမှ ၁၁ ဝါရရှိပြီးဖြစ်သည့် အသက် ၅၀ အရွယ် ရဟန်း ဆန်ထသု က ဆီကုန်မည်စိုးသဖြင့် လက်တွန်းလှည်းဖြင့် သယ်ရန် ပြောဆိုရာမှ စကားများ အငြင်းပွားခဲ့ကြခြင်း ဖြစ်သည်။ထို့နောက် နှစ်ဦးစလုံး လက်သီးချင်း ထိုးကြိတ်ခဲ့ကြရာ ဝါနည်းရဟန်းဖြစ်သူ အနုဆွန်တွင် ဘယ်ဘက်မျက်လုံးအောက်၌ ချုပ် ၄ ချုပ် ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရပြီး၊ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ခရဆန်ရဲစခန်း၌ တိုင်ကြားထားကြောင်း သိရသည်။ လက်ရှိတွင် သံဃာ့စည်းကမ်းနှင့်အညီ အရေးယူနိုင်ရန် သံဃာ့စည်းကမ်းရေးရာ ကော်မတီဖွဲ့စည်း၍ စစ်ဆေးရန် ပြင်ဆင်လျက်ရှိသည်။
ထိုင်းနိုင်ငံရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ကျောက်သယ်ရန် ကားသုံး၊မသုံး အငြင်းပွားရာမှ ဘုန်းကြီးနှစ်ပါး ထိုးကြိတ်မှုဖြစ်ပွား
Aug 25 • 1:50 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


