ထိုင်းနိုင်ငံ၊ ဖိချစ် (Phichit) ခရိုင်၊ ဝချိရဘာရမီ (Wachirabarami) မြို့နယ်တွင် ကာလတန်ဖိုးများပြားသည့် အိုက်စ် (Ice) မူးယစ်ဆေးဝါး ကီလိုဂရမ် ၃၀၀ နှင့်အတူ မြန်မာနိုင်ငံသား ၃ ဦးကို ဩဂုတ် ၂၄ ရက် နံနက်အစောပိုင်းက ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ရှမ်းလူမျိုး ၃ ဦးသည် စစ်ဆေးရေးဂိတ်များကို ရှောင်တိမ်းရန် ရှေ့ပြေးကားတစ်စီးနှင့် မူးယစ်ဆေးဝါးတင် ပစ်ကပ်ကားတစ်စီးတို့ဖြင့် ခွဲ၍ မောင်းနှင်လာစဉ် သံသယရှိသဖြင့် ထိုင်းရဲတပ်ဖွဲ့က လိုက်လံပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ပစ်ကပ်ကားအတွင်း ကျောပိုးအိတ်ပုံစံ ပြုပြင်ထားသည့် မြေဩဇာအိတ် ၁၀ အိတ်ဖြင့် ထည့်သွင်းထားသော အိုက်စ် မူးယစ်ဆေးဝါး ကီလိုဂရမ် ၃၀၀ ကို ရှာဖွေတွေ့ရှိခဲ့သည်။ထွက်ဆိုချက်များအရ အဆိုပါ မူးယစ်ဆေးဝါးများကို ချင်းမိုင်ခရိုင် နယ်စပ်ဒေသမှတစ်ဆင့် သယ်ဆောင်လာပြီး ချိုင်နတ် (Chai Nat) ခရိုင်ရှိ မူးယစ်ကွန်ရက်ထံ လွှဲပြောင်းရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရပြီး လက်ရှိတွင် ဥပဒေအရ အရေးယူနိုင်ရန်နှင့် ပါဝင်ပတ်သက်သူများကို စုံစမ်းဖော်ထုတ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
Aug 25 • 1:49 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


