ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က လှော်ကားရေတွန်းစက်ရုံ လျှပ်စစ်ဓာတ်အားလိုင်းမှ နွယ်ပင်များ ခုတ်ထွင်ရှင်းလင်းရေး လုပ်ငန်းများပြီးစီးသွားပြီ ဖြစ်သဖြင့် ရေတွန်းစက်များကို စွမ်းအားပြည့် ပြန်လည်မောင်းနှင်နေပြီဖြစ်ကြောင်း ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ လှော်ကားရေတွန်းစက်ရုံသည် YESC ၏ ဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ရယူ၍ ရွှေပြည်သာ၊ လှိုင်သာယာ၊ မရမ်းကုန်း၊ အင်းစိန်၊ ကမာရွတ်၊ ဗဟန်း၊ ကျောက်တံတား အပါအဝင် မြို့နယ် ၁၇ ခုသို့ ရေပေးဝေနေခြင်း ဖြစ်သည်။ဩဂုတ် ၂၄ ရက် နံနက်ပိုင်းက ဓာတ်အားလိုင်း ယာယီဖြတ်တောက်၍ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည့် အကျိုးဆက်ကြောင့် အဆိုပါ မြို့နယ်များတွင် ရေပြတ်တောက်ခြင်း သို့မဟုတ် ရေအားနည်းခြင်းများ ယာယီဖြစ်ပေါ်နိုင်ပြီး၊ အခက်အခဲရှိပါက သက်ဆိုင်ရာ ရေပေးရေး တာဝန်ခံများထံ ဆက်သွယ်နိုင်ကြောင်း YCDC က သတိပေးထားသည်။
ရန်ကုန်တိုင်းရှိ လှော်ကားရေတွန်းစက်ရုံ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိ၍ မြို့နယ် ၁၇ ခုသို့ ရေစွမ်းအားပြည့် ပြန်လည်ဖြန့်ဖြူး
Aug 25 • 1:48 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 22 | 0 | 0 | 0 |


