မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် ယခု ၂၀၂၆-၂၀၂၇ ရာသီမှစ၍ မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲအမည်ကို MYANMAR League (M League) အဖြစ် ပြောင်းလဲလိုက်ပါသည်။ ပြိုင်ပွဲ အမှတ်တံဆိပ် (Logo) အသစ်နှင့် ဆောင်ပုဒ်အသစ် ဖြစ်သည့် "ONE Nation.... ONE League" ကို ရန်ကုန်မြို့၌ ဩဂုတ် ၂၅ ရက်တွင် တရားဝင် မိတ်ဆက် ထုတ်ပြန်ခဲ့သည်။ယခုနှစ် M League ပြိုင်ပွဲကို အသင်း ၁၂ သင်းဖြင့် လာမည့် ဩဂုတ် ၂၈ ရက်မှစတင်ကာ နှစ်ကျော့စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ရတနာပုံ၊ ဧရာဝတီယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်တက် စသည့် အသင်းများသည် သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးများရှိ မိမိတို့ အိမ်ကွင်းများ၌ လက်ခံကျင်းပသွားမည်ဖြစ်ပြီး၊ အိမ်ကွင်း မရှိသေးသည့် အသင်းများအတွက် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ လက်ခံကျင်းပပေးသွားမည် ဖြစ်သည်။
Aug 25 • 1:48 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 66 | 0 | 0 | 0 |


