back

တရုတ်နိုင်ငံ၌ ဆီးချိုရောဂါကို အလိုအလျောက် ထိန်းညှိပေးနိုင်သည့် သောက်ဆေးသစ် တီထွင်

Aug 25 • 1:47 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ၌ ဆီးချိုရောဂါကို အလိုအလျောက် ထိန်းညှိပေးနိုင်သည့် သောက်ဆေးသစ် တီထွင်

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ရှိ East China Normal University မှ သုတေသနအဖွဲ့သည် ဆီးချိုရောဂါ ကုသရေးအတွက် GIFT အမည်ရှိ ပရိုဘိုင်အိုတစ် အခြေပြု သောက်ဆေးသစ်တစ်မျို...

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ရှိ East China Normal University မှ သုတေသနအဖွဲ့သည် ဆီးချိုရောဂါ ကုသရေးအတွက် GIFT အမည်ရှိ ပရိုဘိုင်အိုတစ် အခြေပြု သောက်ဆေးသစ်တစ်မျိုးကို တီထွင်လိုက်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။အဆိုပါ ဆေးဝါးသည် အူလမ်းကြောင်းအတွင်း ခေတ္တကိန်းဝပ်ကာ သွေးတွင်းသကြားဓာတ် အပြောင်းအလဲကို စက္ကန့်နှင့်အမျှ သိရှိပြီး ခန္ဓာကိုယ် လိုအပ်ချက်ပေါ် မူတည်၍ သွေးတွင်းသကြားဓာတ် လျှော့ချပေးမည့် ဟော်မုန်းများကို အလိုအလျောက် ထုတ်လွှတ်ပေးသည့် နည်းပညာဖြစ်သည်။လက်ရှိ ကမ္ဘာတစ်ဝန်းတွင် ဆီးချိုရောဂါဖြစ်ပွားသူ သန်း ၅၃၀ ကျော်ရှိနေပြီး တရုတ်နိုင်ငံ၌ သန်း ၁၂၀ ခန့် ရှိသဖြင့် ယခုတွေ့ရှိချက်သည် ဆီးချိုရောဂါသည်များအတွက် ဆေးထိုးရန် မလိုဘဲ ပိုမိုဘေးကင်း ဘက်စုံကောင်းမွန်သည့် ကုသမှု နည်းလမ်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

news-view-count-icon

14