back

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ကတ္တရာကွန်ကရစ် ခင်းနေ၍ အရှိန်လျော့ မောင်းနှင်ကြရန် သတိပေး

Aug 24 • 11:57 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ကတ္တရာကွန်ကရစ် ခင်းနေ၍ အရှိန်လျော့ မောင်းနှင်ကြရန် သတိပေး

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၃/၅ နှင့် ၂၄/၆ အပြန်လမ်းပိုင်းတွင် ကတ္တရာကွန်ကရစ် ခင်းခြင်း လုပ်ငန်းများကို စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်လျက...

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၂၃/၅ နှင့် ၂၄/၆ အပြန်လမ်းပိုင်းတွင် ကတ္တရာကွန်ကရစ် ခင်းခြင်း လုပ်ငန်းများကို စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် ဩဂုတ်လ ၂၄ ရက်တွင် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ယာဉ်မောင်းများအနေဖြင့် လုပ်ငန်းခွင်အနီး ရောက်ရှိချိန်အပြင် မိုးရွာနေချိန်နှင့် ညအချိန်များတွင်ပါ အရှိန်လျှော့၍ ဂရုတစိုက် မောင်းနှင်ကြရန် အထူး သတိပေးထားကြောင်း သိရသည်။

news-view-count-icon

44