ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၂၁၄) မိုင် (၃) ဖာလုံနှင့် (၂) ဖာလုံအကြား၊ ရန်ကုန်ဘက်အပြန် လမ်းပိုင်း၌ ဩဂုတ်လ ၂၄ ရက် မနက်အစောပိုင်းက ခရီးသည်တင် Express ယာဉ်တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ မောင်းနှင်နေသည့် လိုက်ထရပ်ယာဉ်အား အနောက်မှ ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။ ထိုသို့ ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးကာ အခြားအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သဖြင့် သက်ဆိုင်ရာ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က ယာဉ်မောင်းများအနေဖြင့် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း မပြုကြရန် သတိပေး ထုတ်ပြန်ထားသည်။
Aug 24 • 11:53 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 31 | 0 | 0 | 0 |


