back

အိမ်နီးချင်းနိုင်ငံများ၏ တောမီးခိုးငွေ့များကြောင့် စင်ကာပူတွင် မီးခိုးမြူများ ဖုံးလွှမ်းလာ

Aug 24 • 11:51 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

အိမ်နီးချင်းနိုင်ငံများ၏ တောမီးခိုးငွေ့များကြောင့် စင်ကာပူတွင် မီးခိုးမြူများ ဖုံးလွှမ်းလာ

အင်ဒိုနီးရှားနိုင်ငံ Kalimantan, Sumatra နှင့် Riau ဒေသများရှိ တောမီးလောင်ကျွမ်းမှုများနှင့် ခြောက်သွေ့သော ရာသီဥတုတို့ကြောင့် စင်ကာပူနိုင်ငံ၏ လေထုအရည်အသွေး (PSI...

အင်ဒိုနီးရှားနိုင်ငံ Kalimantan, Sumatra နှင့် Riau ဒေသများရှိ တောမီးလောင်ကျွမ်းမှုများနှင့် ခြောက်သွေ့သော ရာသီဥတုတို့ကြောင့် စင်ကာပူနိုင်ငံ၏ လေထုအရည်အသွေး (PSI) အညွှန်းကိန်းမှာ ကျန်းမာရေး ထိခိုက်နိုင်သည့် အဆင့်သို့ နီးကပ်လာနေကြောင်း National Environment Agency (NEA) က ဩဂုတ်လ ၂၄ ရက်တွင် သတိပေး ထုတ်ပြန်လိုက်သည်။ အဆိုပါ တောမီးခိုးငွေ့ အန္တရာယ်ကြောင့် အိမ်နီးချင်း မလေးရှားနိုင်ငံ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားသူ အဆမတန် မြင့်တက်လာပြီး ကျောင်းအချို့ ပိတ်ထားရသလို၊ အင်ဒိုနီးရှား သမ္မတ မစ္စတာ ပရာဘိုဝို ဆူဘီယန်တို ကလည်း မြေပြင် မီးလောင်ကျွမ်းမှုများကို အမြန်ဆုံး ဖြေရှင်းရန် အမိန့်ပေးထားရာ NEA အနေဖြင့် မိဘပြည်သူများ ပြင်ပလှုပ်ရှားမှုများ လျှော့ချရန်နှင့် ကျန်းမာရေး အထူးဂရုစိုက်ကြရန် တိုက်တွန်းထားသည်။

news-view-count-icon

17