Alibaba ကုမ္ပဏီသည် AI နည်းပညာ တိုးချဲ့ရေး၊ Chip ပြားများ ထုတ်လုပ်ရေးနှင့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးတို့တွင် ရာခိုင်နှုန်းပြည့် အသုံးပြုရန်အတွက် ဒေါ်လာ ၁၀ ဒသမ ၂ ဘီလီယံတန် ဟောင်ကောင် အစုရှယ်ယာအသစ်များကို ထုတ်ရောင်းခဲ့ကြောင်း သိရသည်။ ထိုပမာဏသည် ဟောင်ကောင် စတော့အိတ်ချိန်း သမိုင်းတွင် ပထမဆုံး ပမာဏအများဆုံး ရှယ်ယာရောင်းချမှု ဖြစ်ခဲ့ပြီး ဝယ်ယူလိုသူ များပြားသဖြင့် ရှယ်ယာပမာဏကို တိုးမြှင့်ခဲ့ရသော်လည်း အမေရိကန် ရင်းနှီးမြှုပ်နှံသူများ ပါဝင်ခွင့် မရခဲ့ပေ။ ထို့ပြင် AI ကဏ္ဍတွင် အပြင်းအထန် ရင်းနှီးမြှုပ်နှံမှုများကြောင့် ယခု ဩဂုတ်လ တတိယပတ်အတွင်း Alibaba ၏ အသားတင်အမြတ်ငွေ ရရှိမှုမှာ ၇၅ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ကြောင်း သိရသည်။
Aug 24 • 9:51 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 41 | 0 | 0 | 0 |


