back

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒဂုံတက္ကသိုလ်အပါအဝင် မြို့နယ်အချို့၏ သန့်ရှင်းသာယာရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု

Aug 24 • 9:50 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒဂုံတက္ကသိုလ်အပါအဝင် မြို့နယ်အချို့၏ သန့်ရှင်းသာယာရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူသည် ဩဂုတ်လ ၂၂ ရက် နံနက်ပိုင်းက ဒဂုံတက္ကသိုလ်အတွင်း သန့်ရှင်းသာယာရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ဘူတာရုံ ပြန်လည်...

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူသည် ဩဂုတ်လ ၂၂ ရက် နံနက်ပိုင်းက ဒဂုံတက္ကသိုလ်အတွင်း သန့်ရှင်းသာယာရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် ဘူတာရုံ ပြန်လည် ပြုပြင်တည်ဆောက်နေမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့ပြင် လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ရန်ကုန်-ပုသိမ်လမ်းဘေး မြေယာရှုခင်း အလှပန်းပင်များ စိုက်ပျိုးထားရှိမှု၊ လူသွားလမ်းနှင့် မီးတိုင်များ တပ်ဆင်ထားမှုတို့ကိုလည်းကောင်း၊ အမျိုးသားပြတိုက် (ရန်ကုန်) တွင် သန့်ရှင်းသပ်ရပ်မှုနှင့် ရှေးဟောင်းမင်းသုံးပါး ရုပ်ထုများ ပြန်လည်မွန်းမံနေမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

33