back

စစ်ရေးဆက်ဆံမှုနှင့် နည်းပညာကဏ္ဍများ တိုးမြှင့်ရန် တရုတ်နှင့် အင်ဒိုနီးရှား သဘောတူ

Aug 24 • 9:50 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

စစ်ရေးဆက်ဆံမှုနှင့် နည်းပညာကဏ္ဍများ တိုးမြှင့်ရန် တရုတ်နှင့် အင်ဒိုနီးရှား သဘောတူ

တောင်တရုတ်ပင်လယ် တင်းမာမှုများအကြား တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် စစ်ရေးဆက်ဆံမှုများ တိုးမြှင့်ရန်နှင့် သတ္တု၊ စွမ်းအင်၊ AI စသည့် နည်းပညာကဏ္ဍများတွင် ပ...

တောင်တရုတ်ပင်လယ် တင်းမာမှုများအကြား တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် စစ်ရေးဆက်ဆံမှုများ တိုးမြှင့်ရန်နှင့် သတ္တု၊ စွမ်းအင်၊ AI စသည့် နည်းပညာကဏ္ဍများတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ကာကွယ်ရေးဝန်ကြီး တုန်ကျွင်းတို့၏ ဂျကာတာခရီးစဉ်အတွင်း နှစ်နိုင်ငံ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး အင်ဒိုနီးရှား၌ ၂၀၂၇ ခုနှစ်တွင် စတင်လည်ပတ်နိုင်မည့် ပူးတွဲလက်နက်ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ရန်၊ ကျည်ဆန်နှင့် ဒုံးကျည်များ ထုတ်လုပ်ရန်အပြင် နည်းပညာလွှဲပြောင်းပေးရေး အလားအလာများကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

news-view-count-icon

13