ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ နေအိမ်တစ်လုံးအား ဩဂုတ်လ ၁၅ ရက် ညပိုင်းက ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေရာ ကျပ် ၁၅ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၆ ဒသမ ၂ သန်းနှင့်အတူ မျိုးမြင့်နိုင် (ခ) ကိုမျိုးနှင့် ထွန်းထွန်းနိုင် (ခ) ဗန်လျန်းမွန်နာ (ခ) ဆန်းဒယ်ဘတယ် (ခ) ဗဒင် တို့ ၂ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ မူးယစ်ဆေးဝါး သယ်ဆောင်ခိုင်းသူများနှင့် ဝယ်ယူသူများကို မူးယစ်ဆေးဝါးဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ထားသည့်အပြင် ရရှိလာသည့် ငွေကြေးနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရန် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့်လည်း ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 24 • 9:49 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 41 | 0 | 0 | 0 |


