back

ရန်ကုန်နှင့် ကလောမြို့တို့တွင် ကြယ်များကို လက်တွေ့စူးစမ်းမည့် အစီအစဉ် ပြုလုပ်မည်

Aug 24 • 11:59 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်နှင့် ကလောမြို့တို့တွင် ကြယ်များကို လက်တွေ့စူးစမ်းမည့် အစီအစဉ် ပြုလုပ်မည်

လူငယ်များအကြား နက္ခတ္တဗေဒနှင့် STEM အသိပညာများ ပိုမိုပြန့်ပွားစေရန် ရည်ရွယ်၍ Myanmar Astronomy & Science Enthusiasts Society (MASES) က ကြယ်များကို လက်တွေ့စူ...

လူငယ်များအကြား နက္ခတ္တဗေဒနှင့် STEM အသိပညာများ ပိုမိုပြန့်ပွားစေရန် ရည်ရွယ်၍ Myanmar Astronomy & Science Enthusiasts Society (MASES) က ကြယ်များကို လက်တွေ့စူးစမ်းမည့် အစီအစဉ်အား အဆင့်နှစ်ဆင့်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ပထမအဆင့် အလုပ်ရုံဆွေးနွေးပွဲကို လာမည့် စက်တင်ဘာလ ၅ ရက်နှင့် ၆ ရက်တို့တွင် ရန်ကုန်မြို့၌ ပြုလုပ်ကာ နက္ခတ္တဗေဒ အခြေခံများနှင့် အလင်းညစ်ညမ်းမှုဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ပြီး၊ ဒုတိယအဆင့်အဖြစ် ဒီဇင်ဘာလလယ်တွင် ကလောမြို့၌ တယ်လီစကုတ်များဖြင့် ကြယ်နှင့် ဂြိုဟ်များအား လက်တွေ့ စူးစမ်းလေ့လာခြင်း၊ ကြယ်ဓာတ်ပုံရိုက်ကူးခြင်းများကို ပြုလုပ်သွားမည်ဖြစ်သည်။ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များကို လျှောက်လွှာခေါ်ယူခဲ့ရာ လျှောက်ထားသူ များပြားသဖြင့် သတ်မှတ်ရက်ထက် စော၍ လျှောက်လွှာပိတ်သိမ်းခဲ့ကြောင်းလည်း သိရသည်။

news-view-count-icon

45