မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြဝတီမြို့၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ခဲ့သည့် သောင်ရင်းမြစ်ရေသည် ဩဂုတ်လ ၂၃ ရက်တွင် စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်းသွားခဲ့ရာ အနိမ့်ပိုင်း ရပ်ကွက်အချို့မှ ရေဘေးသင့်ပြည်သူများ မိမိတို့နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ကြပြီဖြစ်သည်။ ထို့ကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်း ၆ ခုအနက် ၃ ခုကို ပိတ်သိမ်းခဲ့ပြီး ကျန်ရှိသည့် အမှတ် (၄) နှင့် အမှတ် (၅) ရပ်ကွက်ရှိ ကယ်ဆယ်ရေးစခန်း ၃ ခုတွင် ရေဘေးသင့်ပြည်သူ ၁,၆၂၂ ဦး ဆက်လက် ခိုလှုံလျက်ရှိကြောင်း သိရသည်။


