back

စစ်ကိုင်းတိုင်း၊မူးမြစ်ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် မန္တလေး-စစ်ကိုင်း-မုံရွာ သွား ကားလမ်းမကြီးကို ပြန်လည်ပြုပြင်

Aug 24 • 9:45 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊မူးမြစ်ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် မန္တလေး-စစ်ကိုင်း-မုံရွာ သွား ကားလမ်းမကြီးကို ပြန်လည်ပြုပြင်

စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ မူးမြစ်ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် မန္တလေး-စစ်ကိုင်း-မုံရွာ ကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၃/၂ မှ ၂၆/၀ ကြား (...

စစ်ကိုင်းတိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်း၍ မူးမြစ်ရေကြီးမှုကြောင့် ပျက်စီးခဲ့သည့် မန္တလေး-စစ်ကိုင်း-မုံရွာ ကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၃/၂ မှ ၂၆/၀ ကြား (ညောင်ပင်ဝန်းကျေးရွာဝန်းကျင်) လမ်းပိုင်းအား ရေပြန်ကျချိန်တွင် စစ်ကိုင်းခရိုင် လမ်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရွှေတောင်ဟိုက်ဝေး ကုမ္ပဏီက ပြန်လည် ပြုပြင်လျက်ရှိသည်။ ရေတိုက်စားမှုကြောင့် ပျက်စီးသွားသော လမ်းပိုင်းများကို ကျောက်အရွယ်စုံဖြင့် ပြန်လည်ဖြည့်ခင်းခြင်း၊ ကတ္တရာဖြင့် လမ်းပေါက်ဖာခြင်းများကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျန်ရှိသည့် ပြုပြင်စရာများကိုလည်း အမြန်ဆုံး ပြီးစီးရန် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

32