ဩဂုတ်လ ၂၄ ရက် နံနက်ပိုင်း တိုင်းတာချက်များအရ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ သောင်ရင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက် ရှိနေနိုင်သဖြင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ကြိုတင်ရှောင်ရှားကြရန် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက သတိပေး ထုတ်ပြန်ထားသည်။ ထို့ပြင် စစ်တောင်းမြစ်ရေသည်လည်း မဒေါက်မြို့၏ စိုးရိမ်ရေမှတ်အထက် ၂ ပေ ၁၁ လက်မခန့် ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း နောက်ထပ် ၃ လက်မခန့် ထပ်မံ မြင့်တက်လာနိုင်ကြောင်း သိရသည်။
သောင်ရင်းမြစ်နှင့် စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ဆက်လက် မြင့်တက်နေ၍ ရေဘေး လွတ်ရာသို့ ရွှေ့ပြောင်းကြရန် မိုးဇလ သတိပေး
Aug 24 • 9:43 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 46 | 0 | 0 | 0 |


