back

မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်၌ မီတာခများ ကျသင့်သည်ထက် ပိုမိုကောက်ခံနေဟု ဒေသခံများ ပြောဆို

Aug 24 • 9:29 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၊မော်လမြိုင်မြို့နယ်၌ မီတာခများ ကျသင့်သည်ထက် ပိုမိုကောက်ခံနေဟု ဒေသခံများ ပြောဆို

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း လျှပ်စစ်မီတာခ ကောက်ခံရာတွင် မီတာစာရွက် ဖတ်ယူသူများအနေဖြင့် အိမ်တိုင်ရာရောက် ယူနစ်လာရောက်စစ်ဆေးခြင်း မရှိဘဲ မှန်းဆ၍ ကောက်ခ...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း လျှပ်စစ်မီတာခ ကောက်ခံရာတွင် မီတာစာရွက် ဖတ်ယူသူများအနေဖြင့် အိမ်တိုင်ရာရောက် ယူနစ်လာရောက်စစ်ဆေးခြင်း မရှိဘဲ မှန်းဆ၍ ကောက်ခံနေသဖြင့် အမှန်တကယ် ကျသင့်သည့် ပမာဏထက် ပိုမိုများပြားနေကြောင်း မြို့ခံများက ပြောဆိုသည်။ ထို့ပြင် မီတာစာရွက် ရောက်ရှိချိန် နောက်ကျသဖြင့် ဒဏ်ကြေး ပေးဆောင်ရသည့် အခက်အခဲများလည်း ရှိနေပြီး မီတာ ခိုးယူသုံးစွဲမှုများ အပါအဝင် အဆိုပါ ပြဿနာများနှင့် ပတ်သက်၍ သက်ဆိုင်ရာ လျှပ်စစ်ဝန်ကြီးဌာနနှင့် တာဝန်ရှိသူများက စစ်ဆေးအရေးယူ ဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုထားကြောင်း သိရသည်။

news-view-count-icon

27