back

ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ် ရေဘေးကူညီသူများနှင့် အလှူရှင်များအတွက် လမ်းညွှန်လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

Aug 24 • 9:30 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်း၊လေးမျက်နှာမြို့နယ် ရေဘေးကူညီသူများနှင့် အလှူရှင်များအတွက် လမ်းညွှန်လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် အပါအဝင် အချို့မြို့နယ်များတွင် ဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုများ၌ လာရောက် ကူညီပေးသည့် လူမှုကူညီရေးအသင်းများနှင့် အလှူရှင်များ သ...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ် အပါအဝင် အချို့မြို့နယ်များတွင် ဖြစ်ပေါ်နေသော ရေကြီးရေလျှံမှုများ၌ လာရောက် ကူညီပေးသည့် လူမှုကူညီရေးအသင်းများနှင့် အလှူရှင်များ သွားလာရေး အခက်အခဲ မရှိစေရန် လမ်းညွှန်မြေပုံနှင့် ဆက်သွယ်ရန် ဖုန်းနံပါတ်များ ပါဝင်သော လက်ကမ်းစာစောင်များကို Information Centre များမှတစ်ဆင့် ဖြန့်ဝေပေးလျက်ရှိသည်။ ထို့ပြင် နယ်မြေကွပ်ကဲရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များက စက်လှေများဖြင့် လုံခြုံစွာ ကူညီပို့ဆောင်ပေးနေသည့်အပြင် ဒေသခံများ စက်လှေစီးနင်းစဉ် အသက်အန္တရာယ် ကင်းရှင်းစေရန် အသက်ကယ်အင်္ကျီ (Life Jacket) များကိုလည်း တာဝန်ရှိသူများက ထောက်ပံ့ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

33