back

အိန္ဒိယကမ်းခြေလွန် ပနားမားအလံတင် ကုန်တင်သင်္ဘော နစ်မြုပ်မှုတွင် မြန်မာ ၃ ဦးအပါအဝင် သင်္ဘောသား ၂၂ ဦး ပျောက်ဆုံးနေ

Aug 24 • 9:28 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယကမ်းခြေလွန် ပနားမားအလံတင် ကုန်တင်သင်္ဘော နစ်မြုပ်မှုတွင် မြန်မာ ၃ ဦးအပါအဝင် သင်္ဘောသား ၂၂ ဦး ပျောက်ဆုံးနေ

သင်္ဘောသား ၂၄ ဦး တင်ဆောင်လာသည့် ပနားမားအလံစိုက် ကုန်တင်သင်္ဘော "Ocean Winner" နစ်မြုပ်သွားခဲ့ပြီးနောက် အိန္ဒိယ ရေတပ်နှင့် ကမ်းခြေစောင့်တပ်တို့က ဩဂုတ်လ ၂၃ ရက်တွင...

သင်္ဘောသား ၂၄ ဦး တင်ဆောင်လာသည့် ပနားမားအလံစိုက် ကုန်တင်သင်္ဘော "Ocean Winner" နစ်မြုပ်သွားခဲ့ပြီးနောက် အိန္ဒိယ ရေတပ်နှင့် ကမ်းခြေစောင့်တပ်တို့က ဩဂုတ်လ ၂၃ ရက်တွင် တရုတ်နိုင်ငံသား ၂ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ကျန်ရှိနေသည့် သင်္ဘောသား ၂၂ ဦး (တရုတ် ၁၈ ဦး၊ မြန်မာ ၃ ဦးနှင့် ဘင်္ဂလားဒေ့ရှ် ၁ ဦး) မှာ ပျောက်ဆုံးနေဆဲဖြစ်သဖြင့် ကူညီကယ်ဆယ်ရေးနှင့် ရှာဖွေရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

news-view-count-icon

26