back

ဂျပန်၌ အစိုးရချေးငွေ အတိုးနှုန်းကို ၃.၈ ရာခိုင်နှုန်းအထိ တိုးမြှင့် သတ်မှတ်ရန် ဘဏ္ဍာရေးဝန်ကြီးဌာန ပြင်ဆင်

Aug 24 • 4:34 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်၌ အစိုးရချေးငွေ အတိုးနှုန်းကို ၃.၈ ရာခိုင်နှုန်းအထိ တိုးမြှင့် သတ်မှတ်ရန် ဘဏ္ဍာရေးဝန်ကြီးဌာန ပြင်ဆင်

ဂျပန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၀၂၇ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်း (တောင်းခံလွှာ) ရေးဆွဲရာတွင် ရေရှည် အစိုးရချေးငွေစာချုပ် (JGB) များအတွက် ခန့်မှန်း အတိုးနှု...

ဂျပန် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၀၂၇ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေ ငွေစာရင်း (တောင်းခံလွှာ) ရေးဆွဲရာတွင် ရေရှည် အစိုးရချေးငွေစာချုပ် (JGB) များအတွက် ခန့်မှန်း အတိုးနှုန်း (assumed interest rate) ကို ၃.၈ ရာခိုင်နှုန်းအထိ တိုးမြှင့် သတ်မှတ်ရန် စဉ်းစားလျက်ရှိသည်။ အဆိုပါ ခန့်မှန်း အတိုးနှုန်းသည် အစိုးရ၏ ကြွေးမြီ ဆိုင်းဆပ်မှု စရိတ်စကများကို တွက်ချက်ရာတွင် အသုံးပြုခြင်းဖြစ်ပြီး ၂၀၂၆ ဘဏ္ဍာရေးနှစ်၌ သတ်မှတ်ခဲ့သော ၃ ရာခိုင်နှုန်းထက် သိသိသာသာ မြင့်တက်လာခြင်းဖြစ်ရာ အစိုးရ၏ ကြွေးမြီ ဝန်ထုပ်ဝန်ပိုးကို ပိုမို ကြီးမားလာစေမည် ဖြစ်သည်။ ဂျပန်ဗဟိုဘဏ် (BOJ) ၏ မူဝါဒ အတိုးနှုန်း မြှင့်တင်ရေး မျှော်လင့်ချက်များ၊ အစိုးရ၏ ဘဏ္ဍာရေး တိုးချဲ့သုံးစွဲမှု မူဝါဒများ သံသယနှင့် ကမ္ဘာ့ ငွေကြေးဖောင်းပွမှု ဖိအားများကြောင့် ဂျပန်၏ ၁၀ နှစ်သက်တမ်းရှိ ရေရှည် အစိုးရချေးငွေ အတိုးနှုန်းသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ၂.၉၄၅ ရာခိုင်နှုန်းအထိ ရောက်ရှိကာ နှစ်ပေါင်း ၃၀ အတွင်း အမြင့်ဆုံးစံချိန်သို့ ရောက်ရှိခဲ့သည်။

news-view-count-icon

14