back

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၌ ပင်လယ်ပြင် ရာသီဥတု ဆိုးရွားမှုကြောင့် ရေထွက်ကုန် အဝင်နည်းပြီး ဈေးနှုန်းများ မြင့်တက်

Aug 24 • 4:33 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၌ ပင်လယ်ပြင် ရာသီဥတု ဆိုးရွားမှုကြောင့် ရေထွက်ကုန် အဝင်နည်းပြီး ဈေးနှုန်းများ မြင့်တက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ ဩဂုတ်လ တတိယပတ်မှ စတင်ကာ ပင်လယ်ပြင်တွင် လေကြမ်း၍ လှိုင်းကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် ငါးဖမ်းလှေများ...

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၌ ဩဂုတ်လ တတိယပတ်မှ စတင်ကာ ပင်လယ်ပြင်တွင် လေကြမ်း၍ လှိုင်းကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းတို့ကြောင့် ငါးဖမ်းလှေများ ဖမ်းဆီးရရှိမှု နည်းပါးသွားကာ ဈေးကွက်အတွင်း ရေထွက်ကုန်များ အဝင်ထက်ဝက်ခန့် လျော့ကျသွားကြောင်း သိရသည်။ရေထွက်ကုန်များ ဈေးကွက်သို့ အဝင်နည်းသွားသဖြင့် ဩဂုတ် ၂၂ ရက် ရောက်ရှိချိန်တွင် ငါးဒွန်းခြင်း၊ ငါးကွန်းရှပ်၊ ပုစွန် အစရှိသည့် ရေထွက်ကုန်များမှာ တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ မှ ၁၀,၀၀၀ အထိ အသီးသီး ဈေးနှုန်း မြင့်တက်သွားခဲ့သည်။မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (မိုးဇလ) ၏ ထုတ်ပြန်ချက်အရ တနင်္သာရီ ကမ်းရိုးတန်းနှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများ ကျရောက်၍ လှိုင်းအမြင့် ၁၁ ပေမှ ၁၃ ပေခန့်အထိ ရှိနိုင်ကြောင်း သိရသည်။

news-view-count-icon

35