ရန်ကုန်နှင့် နေပြည်တော် အပါအဝင် မြို့ကြီးများ၌ အာဏာပိုင်များ၏ အိမ်ခြံမြေ အခွန်ဆိုင်ရာ စည်းမျဉ်း တင်းကျပ်မှုများနှင့် စစ်ဆေးမှု သတင်းများကြောင့် အိမ်ခြံမြေ အရောင်းအဝယ် ဈေးကွက် အေးစက်လာပြီး ဝယ်ယူသူ နည်းပါးသွားကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။ငွေကြေး အရင်းအမြစ် ရှင်းပြရမည်ကို စိုးရိမ်ခြင်းနှင့် ရေရှည် စည်းမျဉ်း တင်းကျပ်မှုများကြောင့် ရင်းနှီးမြှုပ်နှံသူများသည် အိမ်ခြံမြေအစား ငွေပြန်ဖော်ရ လွယ်ကူသည့် ရွှေနှင့် ဒေါ်လာဘက်သို့ ပြောင်းလဲ ဝယ်ယူလာကြသည်။လက်ရှိတွင် ကိုယ်တိုင်နေထိုင်ရန် ဝယ်ယူသူများသာ ရှိတော့ပြီး၊ ရောင်းချသူအချို့ ဈေးလျှော့ ရောင်းထုတ်နေသော်လည်း ဝယ်သူရှားပါးသဖြင့် အရောင်းအဝယ်ဖြစ်ရန် ကြာမြင့်လျက်ရှိရာ ယင်းအခြေအနေ ဆက်လက် ဖြစ်ပေါ်နေပါက အိမ်ခြံမြေ ဈေးနှုန်းများ အပေါ် ကျဆင်းသည့် ဖိအား ရောက်ရှိလာနိုင်ကြောင်း စီးပွားရေးဈေးကွက်အတွင်းမှ သုံးသပ်ထားသည်။
ရန်ကုန်၊နေပြည်တော်အပါအဝင် မြို့ကြီးများ၌ အိမ်ခြံမြေ အရောင်းအဝယ် အေးစက်လာပြီး ရွှေနှင့် ဒေါ်လာဘက်သို့ ရင်းနှီးမြှုပ်နှံမှု ရွှေ့ပြောင်းလာ
Aug 24 • 3:53 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 49 | 0 | 0 | 0 |


