ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်ရှိ နေအိမ်တစ်အိမ်၌ အွန်လိုင်း လိမ်လည် လောင်းကစားမှု ကျူးလွန်သူများကို လုံခြုံရေး ပူးပေါင်းအဖွဲ့က ဩဂုတ် ၂၃ ရက် ညနေပိုင်းတွင် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။အဆိုပါ စစ်ဆေးမှုအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံသား ၁၉ ဦး (အမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၂ ဦး) စုစုပေါင်း ၂၀ ဦးကို ဖုန်း ၇၇ လုံး၊ ကွန်ပျူတာများနှင့် လုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ဖမ်းဆီးရမိသူများကို စစ်ဆေးမှုများ ဆောင်ရွက်အပြီးတွင် တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Aug 24 • 3:52 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 30 | 0 | 0 | 0 |


