မလေးရှားနိုင်ငံ ပါဟန်းပြည်နယ် တီမားလို (Temerloh) မြို့တွင် ကျင်းပသည့် အများပြည်သူ ကျန်းမာရေး လှုပ်ရှားမှုအစီအစဉ်၌ မြွေကိုင်တွယ်နည်း ပြသခဲ့သည့် မလေးရှား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (APM) အရာရှိ ဆာဂျန့် မူဟာမက် မူအာဇမ် ရှား (Muhamad Muazam Shah Kamardin) သည် ငန်းတော်ကျား (King Cobra) ကိုက်ခံရပြီးနောက် သေဆုံးသွားခဲ့သည်။ အသက် ၃၉ နှစ်အရွယ်ရှိ အဆိုပါ အရာရှိသည် ပြပွဲအတွင်း ညာဘက်လက်ခလယ်တွင် အဆိပ်ပြင်း ငန်းတော်ကျား ကိုက်ခံခဲ့ရခြင်းဖြစ်ပြီး ဆူလတန် ဟာဂျီ အာမက် ရှား ဆေးရုံသို့ ချက်ချင်း ပို့ဆောင်ကုသခဲ့သော်လည်း အဆိပ်တက်ကာ နံနက်ပိုင်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
မလေးရှား တီမားလို၌ ပြုလုပ်သည့် မြွေကိုင်တွယ်မှု ပြပွဲတွင် အရာရှိတစ်ဦး ငန်းတော်ကျား ကိုက်ခံရပြီး သေဆုံး
Aug 24 • 3:51 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


