ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ရွှေအိမ်စည်လမ်းတွင် ဩဂုတ် ၂၃ ရက် ညနေ ၆ နာရီခွဲခန့်က နေအိမ်တစ်အိမ်ပေါ်သို့ လုံးပတ် ၉ ပေ၊ အရှည် ပေ ၆၀ ခန့်ရှိ ညောင်ကိုင်း ကျိုးကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဖြစ်စဉ်ဖြစ်ပွားရာသို့ အသုတ်နယ်မြေ မီးသတ်စခန်းမှ သန္ဓေနှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ကာ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ည ၈ နာရီခွဲခန့်တွင် လုပ်ငန်းများ ပြီးစီးခဲ့သည်။
Aug 24 • 3:27 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 29 | 0 | 0 | 0 |


