back

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ လွယ်ခမ်းလမ်း ပျက်စီးနေ

Aug 24 • 4:35 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်ရှိ လွယ်ခမ်းလမ်း ပျက်စီးနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ အဓိက လမ်းမကြီးတစ်ခုဖြစ်သော လွယ်ခမ်းလမ်းမှာ ပျက်စီးနေသည်မှာ ၃ နှစ်ခန့် ကြာမြင့်နေပြီဖြစ်သော်လည်း ပြန်...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ အဓိက လမ်းမကြီးတစ်ခုဖြစ်သော လွယ်ခမ်းလမ်းမှာ ပျက်စီးနေသည်မှာ ၃ နှစ်ခန့် ကြာမြင့်နေပြီဖြစ်သော်လည်း ပြန်လည်ပြုပြင်ပေးခြင်း မရှိသေးသဖြင့် သွားလာရေး ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။အဆိုပါ လမ်းသည် ဘုရားဖြူရပ်ကွက် နယ်မြေ (၁) ပန်းတင်လမ်းမကြီးနှင့် နယ်မြေ (၄)၊ (၅) တို့ကို ဆက်သွယ်ထားပြီး အများပြည်သူ သွားလာအသုံးပြုမှု များပြားသည့် လမ်းဖြစ်သည်။ လက်ရှိတွင် လမ်းတစ်လျှောက်လုံး ပျက်စီးနေ၍ မော်တော်ဆိုင်ကယ်များပင် သွားလာရန် ခက်ခဲနေပြီး၊ ရေမြောင်းမရှိသဖြင့် မိုးရာသီတွင် ရေစီးတိုက်စားကာ လမ်းပိုမို ပျက်စီးရခြင်းဖြစ်ကြောင်း သိရသည်။တာဝန်ရှိသူများအနေဖြင့် အဆိုပါ ပျက်စီးနေသော လွယ်ခမ်းလမ်းနှင့် ရေမြောင်းများကို အမြန်ဆုံး ပြန်လည် ပြုပြင်ပေးစေလိုကြောင်း ဒေသခံများက ဝေဖန်ပြောဆိုလျက် ရှိသည်။

news-view-count-icon

30