back

ထိုင်းနိုင်ငံ၊ Pattani၌ ဗုံးနှစ်လုံး ပေါက်ကွဲပြီး အစိုးရယာဉ်များပါ မီးရှို့ဖျက်ဆီးခံရ

Aug 24 • 2:41 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ Pattani၌ ဗုံးနှစ်လုံး ပေါက်ကွဲပြီး အစိုးရယာဉ်များပါ မီးရှို့ဖျက်ဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ပတ္တာနီ (Pattani) ပြည်နယ်၊ ပနားရဲမြို့နယ်၊ ဖွန်မင်းရပ်ကွက်၌ တနင်္ဂနွေနေ့ညက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီး အနီးဝန်းကျင်ရှိ ဒေသခံများ တုန်...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ပတ္တာနီ (Pattani) ပြည်နယ်၊ ပနားရဲမြို့နယ်၊ ဖွန်မင်းရပ်ကွက်၌ တနင်္ဂနွေနေ့ညက ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ပြီး အနီးဝန်းကျင်ရှိ ဒေသခံများ တုန်ခါမှု ခံစားခဲ့ရကြောင်း သိရသည်။အဆိုပါ ဗုံးပေါက်ကွဲမှုအပြင် ဖွန်မင်းရပ်ကွက် စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းကားတစ်စီးနှင့် မီးသတ်ကားတစ်စီး အပါအဝင် အစိုးရယာဉ်များလည်း မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိသေးကြောင်း သိရပြီး၊ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။

news-view-count-icon

20