back

ရှမ်းပြည်နယ်တောင်ပိုင်း၌ ခရမ်းချဉ်သီး ဈေးကျဆင်းမှုကြောင့် တောင်သူများ လမ်းဘေးသွန်နေရ

Aug 24 • 2:42 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်တောင်ပိုင်း၌ ခရမ်းချဉ်သီး ဈေးကျဆင်းမှုကြောင့် တောင်သူများ လမ်းဘေးသွန်နေရ

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ နောင်တရားနှင့် တီကျစ်ဒေသတို့တွင် ခရမ်းချဉ်သီး ရိတ်သိမ်းချိန်၌ ဈေးနှုန်း အဆမတန် ကျဆင်းနေသဖြင့် တောင်သူများ လမ်းဘေးတွင် သွန်ပစ်...


ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း၊ နောင်တရားနှင့် တီကျစ်ဒေသတို့တွင် ခရမ်းချဉ်သီး ရိတ်သိမ်းချိန်၌ ဈေးနှုန်း အဆမတန် ကျဆင်းနေသဖြင့် တောင်သူများ လမ်းဘေးတွင် သွန်ပစ်နေရသည့်အပြင် အချို့မှာ အသီးပင် မခူးတော့ဘဲ စိုက်ခင်းအတွင်း စွန့်ပစ်ထားကြကြောင်း သိရသည်။အောင်ပန်း ကုန်စိမ်းဈေးကွက်၌ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၈၀၀ မှ ၁,၂၀၀ အထိသာ ဈေးရရှိတော့သဖြင့် သယ်ယူပို့ဆောင်ရေး ကားခနှင့် ဒီဇယ်ဆီဖိုးပင် မကာမိတော့ကြောင်း တောင်သူများက ပြောသည်။ကုန်စိမ်းပွဲစားများ၏ အဆိုအရ ဒေသစုံမှ ခရမ်းချဉ်သီး အဝင်များနေချိန်၌ ဝယ်လိုအား နည်းနေခြင်းကြောင့် ဈေးနှုန်း ကျဆင်းသွားရခြင်းဖြစ်ပြီး၊ တောင်သူများမှာ စိုက်ပျိုးစရိတ် မကျေသည့်အပြင် နောက်ရာသီအတွက် သွင်းအားစု ဝယ်ယူရန်ပါ အခက်အခဲ ဖြစ်ပေါ်လျက် ရှိသည်။

news-view-count-icon

44