back

ရန်ကုန်မြို့၌ အိမ်တိုင်ရာရောက် ဒေါ်လာဝယ်မည်ဟု ဆိုကာ ငွေစစ်ဆေးဟန်ပြပြီး လိမ်လည်ယူဆောင်မှု ဖြစ်ပွား

Aug 24 • 2:40 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့၌ အိမ်တိုင်ရာရောက် ဒေါ်လာဝယ်မည်ဟု ဆိုကာ ငွေစစ်ဆေးဟန်ပြပြီး လိမ်လည်ယူဆောင်မှု ဖြစ်ပွား

ရန်ကုန်မြို့တွင် ဩဂုတ် ၂၃ ရက်က အိမ်တိုင်ရာရောက် ဒေါ်လာဝယ်ယူမည်ဟု အကြောင်းပြကာ ငွေစက္ကူ စစ်ဆေးဟန်ပြု၍ လက်လှည့်နည်းဖြင့် ဒေါ်လာအချို့ကို လိမ်လည်ယူဆောင်သွားသည့် ဖြ...

ရန်ကုန်မြို့တွင် ဩဂုတ် ၂၃ ရက်က အိမ်တိုင်ရာရောက် ဒေါ်လာဝယ်ယူမည်ဟု အကြောင်းပြကာ ငွေစက္ကူ စစ်ဆေးဟန်ပြု၍ လက်လှည့်နည်းဖြင့် ဒေါ်လာအချို့ကို လိမ်လည်ယူဆောင်သွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။အမျိုးသားနှစ်ဦးသည် ဒေါ်လာငွေလဲလှယ်ရန် ငွေရှင်၏ နေအိမ်သို့ လာရောက်ခဲ့ပြီးနောက် ငွေစက္ကူ စစ်ဆေးသကဲ့သို့ မသိမသာ လက်လှည့် ယူဆောင်သွားခြင်း ဖြစ်ပြီး၊ အကြောင်းပြချက်အမျိုးမျိုးပေး၍ ပြန်လည် ထွက်ခွာသွားစဉ် မသင်္ကာ၍ ပြန်လည် ရေတွက်မှသာ ဒေါ်လာအချို့ ပါသွားသည်ကို သိရှိခဲ့ရခြင်း ဖြစ်သည်။ကျူးလွန်သူများသည် အသင့်စောင့်ဆိုင်းနေသော Caldina တက္ကစီယာဉ်ဖြင့် မောင်းနှင် ထွက်ပြေးသွားခဲ့ကြသည်။ အဆိုပါ အမျိုးသားနှစ်ဦးမှာ အဖွဲ့လိုက် လိမ်လည်နေသူများဖြစ်ပြီး ဖုန်းနံပါတ် 09-792626915 ကို အသုံးပြုထားသဖြင့် ပြည်သူများအနေဖြင့် အိမ်တိုင်ရာရောက် ဒေါ်လာ ငွေကြေးလဲလှယ်မှုများ ပြုလုပ်ရာတွင် အလားတူ လိမ်လည်မှုမျိုး မကြုံတွေ့ရစေရန် သတိပြုကြဖို့ သတိပေးထားသည်။

news-view-count-icon

45