back

ရှမ်းယူနိုက်တက် နည်းပြချုပ် ဦးအောင်ခိုင်က MNL ချန်ပီယံဆုကို ဆက်လက် ကာကွယ်သွားမည်ဟု ပြောကြား

Aug 24 • 2:39 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရှမ်းယူနိုက်တက် နည်းပြချုပ် ဦးအောင်ခိုင်က MNL ချန်ပီယံဆုကို ဆက်လက် ကာကွယ်သွားမည်ဟု ပြောကြား

ရှမ်းယူနိုက်တက် အသင်း၏ နည်းပြချုပ်သစ် ဖြစ်သူ ဦးအောင်ခိုင်က ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲတွင် အသင်း၏ ချန်ပီယံဆုကို ဆက်လက် ကာကွယ်သွားမ...

ရှမ်းယူနိုက်တက် အသင်း၏ နည်းပြချုပ်သစ် ဖြစ်သူ ဦးအောင်ခိုင်က ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲတွင် အသင်း၏ ချန်ပီယံဆုကို ဆက်လက် ကာကွယ်သွားမည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။ယခုရာသီတွင် ရတနာပုံ၊ ဟံသာဝတီ၊ ရန်ကုန်စီးတီး စသည့် အသင်းအများအပြားက အားဖြည့် ပြင်ဆင်ထားသဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ယခင်နှစ်များထက် ပိုမို ခက်ခဲမည်ဖြစ်ကြောင်း နည်းပြချုပ်က သုံးသပ်ထားသည်။မြန်မာ လက်ရွေးစင်ဟောင်း ဦးအောင်ခိုင်သည် ယခင်က မြန်မာ အသက်အရွယ်လိုက် လက်ရွေးစင် အသင်းများ၊ ဧရာဝတီယူနိုက်တက်နှင့် ISPE အသင်းတို့ကို နည်းပြချုပ်အဖြစ် တာဝန်ယူ ကိုင်တွယ်ခဲ့ဖူးသူ ဖြစ်သည်။ MNL ပြိုင်ပွဲတွင် ၇ ကြိမ်တိုင် ဗိုလ်စွဲထားသည့် ရှမ်းယူနိုက်တက် အသင်းသည် ယခုရာသီတွင် ပြည်တွင်း လိဂ်ပြိုင်ပွဲအပြင် AFC Challenge League နှင့် အာဆီယံ ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲများကိုလည်း ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

news-view-count-icon

33