back

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၏ အကြီးဆုံး မြစ်ကမ်းဘေး ကားပြပွဲကို စက်တင်ဘာ ၆ ရက်တွင် ကျင်းပမည်

Aug 24 • 1:47 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၏ အကြီးဆုံး မြစ်ကမ်းဘေး ကားပြပွဲကို စက်တင်ဘာ ၆ ရက်တွင် ကျင်းပမည်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ အကြီးဆုံး မြစ်ကမ်းဘေး ကားပြပွဲဖြစ်သည့် Bangkok Underground Riverside ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် Terminal 21 Rama 3 ၌ ...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၏ အကြီးဆုံး မြစ်ကမ်းဘေး ကားပြပွဲဖြစ်သည့် Bangkok Underground Riverside ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် Terminal 21 Rama 3 ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။"The Fast Tokyo Drift" ခေါင်းစဉ်ဖြင့် ကျင်းပမည့် အဆိုပါပွဲသို့ ဝင်ကြေး အခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံအတွင်း တစ်စီးတည်းသာရှိသော Liberty Walk ကစ်များ တပ်ဆင်ထားသည့် RX-7 နှင့် 180SX မော်တော်ယာဉ်များ အပါအဝင် ကားဝါသနာရှင်များ၏ မွမ်းမံထားသော မော်တော်ယာဉ်များကို ပြသသွားမည်ဖြစ်သည်။ကျောက်ဖရား မြစ်ကမ်းဘေး၌ ကျင်းပမည့် ယင်းပြပွဲတွင် နိုင်ငံတစ်ဝန်းမှ ကားပိုင်ရှင်များ လာရောက်ဆုံတွေ့ကြမည်ဖြစ်ပြီး မွန်းလွဲပိုင်းမှ ည ၉ နာရီအထိ DJ ဖျော်ဖြေမှုများနှင့်အတူ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

news-view-count-icon

31