အာရှ အမျိုးသမီး ချန်ပီယံလိဂ် ခြေစစ်ပွဲ အုပ်စု နောက်ဆုံး ပွဲစဉ်အဖြစ် ဧရာဝတီ အက်ဖ်စီ အမျိုးသမီး ဘောလုံးအသင်းနှင့် တရုတ်(တိုင်ပေ) ကလပ် နယူးတိုင်ပေ အသင်းတို့ ဩဂုတ် ၂၃ ရက် ညနေပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်း၌ ယှဉ်ပြိုင်ခဲ့ပါသည်။ ဧရာဝတီ အက်ဖ်စီ အသင်းက ၁ ဂိုး - ၀ ဂိုးဖြင့် အနိုင်ရရှိကာ ခြေစစ်ပွဲ အောင်မြင်သွားခဲ့သည်။အဆိုပါ ပွဲစဉ်တွင် ဧရာဝတီ အက်ဖ်စီ အသင်းအတွက် အနိုင်ဂိုးကို ပွဲချိန် မိနစ် ၅၇ ၌ လင်းမြင့်မိုရ်က သွင်းယူပေးခဲ့ခြင်း ဖြစ်သည်။ခြေစစ်ပွဲ အုပ်စုအတွင်း ၃ ပွဲ ကစားရာ၌ သွင်းဂိုး ၁၃ ဂိုးဖြင့် ပေးဂိုး မရှိဘဲ ရလဒ်ကောင်း ရရှိခဲ့သည့် ဧရာဝတီ အက်ဖ်စီ အသင်းသည် လာမည့် စက်တင်ဘာလတွင် ကျင်းပမည်ဖြစ်သော ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ အာရှ အမျိုးသမီး ချန်ပီယံလိဂ် အုပ်စုအဆင့် ပြိုင်ပွဲသို့ ပါဝင် ယှဉ်ပြိုင်ခွင့် ရရှိသွားပြီ ဖြစ်သည်။
Aug 24 • 1:46 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 54 | 0 | 0 | 0 |


