တရုတ်နိုင်ငံသည် Chang’e-7 လ စူးစမ်းရေး အာကာသယာဉ်ကို သယ်ဆောင်သွားမည့် Long March 5 Y14 ဒုံးပျံ ပစ်လွှတ်မှုကို မူလ လာမည့် ဩဂုတ် ၂၅ ရက်တွင် စတင်ရန် လျာထားခဲ့သော်လည်း တစ်လခန့် နောက်ဆုတ် ရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းနိုင်ငံ နိုင်ငံတော် နက္ခတ္တပညာ သုတေသနဌာန (NARIT) က ထုတ်ပြန်ခဲ့သည်။အဆိုပါ ရွှေ့ဆိုင်းမှုသည် တရုတ် အာကာသယာဉ်၌ ပါဝင် မည့် ထိုင်းနိုင်ငံ၏ CE-7 MATCH သိပ္ပံကိရိယာနှင့် သက်ဆိုင်ခြင်း မရှိဘဲ၊ တရားဝင် ရက်စွဲသစ်ကို အတည်ပြုပြီးပါက ပြန်လည် ကြေညာသွားမည် ဖြစ်သည်။Chang’e-7 မစ်ရှင်သည် လ၏ တောင်ဝင်ရိုးစွန်းဒေသရှိ ရေခဲများ ရှိနိုင်သည့် နေရာများကို စူးစမ်းလေ့လာရန်ဖြစ်ပြီး လပတ်ယာဉ်၊ လဆင်းယာဉ်၊ လသွားယာဉ်နှင့် လစူးစမ်းရေးယာဉ်များ ပါဝင်မည်ဖြစ်သည်။ ယင်းမစ်ရှင်သည် ၂၀၃၀ ပြည့်နှစ် မတိုင်မီ လပေါ်သို့ လူလိုက်ပါသည့် မစ်ရှင် စေလွှတ်နိုင်ရေး တရုတ်နိုင်ငံ၏ ရည်မှန်းချက် ပရောဂျက်တစ်ခု ဖြစ်ကြောင်း သိရသည်။
Aug 24 • 1:45 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


