တရုတ်နိုင်ငံ၏ အထွေထွေ ပြည်သူ့ဘတ်ဂျက် ဝင်ငွေမှာ ၂၀၂၆ ခုနှစ် ပထမ ၇ လအတွင်း ယွမ် ၁၄.၃၇ ထရီလီယံနီးပါး ရရှိခဲ့ပြီး ယခင်နှစ် ကာလတူထက် ၅.၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ယင်းတိုးတက်မှုတွင် အခွန်ဝင်ငွေရရှိမှုမှ ယွမ် ၁၁.၈၄ ထရီလီယံခန့် (၆.၇ ရာခိုင်နှုန်း မြင့်တက်) ပါဝင်ပြီး တန်ဖိုးမြှင့်ခွန် (VAT) နှင့် ကော်ပိုရိတ် ဝင်ငွေခွန်များ တိုးတက်လာသည့်အပြင် စတော့ရှယ်ယာ ရောင်းဝယ်မှု တံဆိပ်ခေါင်းခွန်မှာလည်း ၉၉.၂ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်ခဲ့သည်။ဘတ်ဂျက် အသုံးစရိတ် အနေဖြင့် ယခင်နှစ်ထက် ၁.၃ ရာခိုင်နှုန်း တိုးတက်ကာ ယွမ် ၁၆.၂၉ ထရီလီယံနီးပါး အသုံးပြုခဲ့ပြီး လူမှုဖူလုံရေး၊ အလုပ်အကိုင်နှင့် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍများတွင် တိုးမြှင့် သုံးစွဲခဲ့သည်။ တရုတ်အစိုးရ အနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း တက်ကြွသော ဘဏ္ဍာရေး မူဝါဒကို ဆက်လက် ကျင့်သုံးသွားမည်ဖြစ်ပြီး စီးပွားရေး တိုးတက်မှုကို ထိန်းသိမ်းနိုင်ရန် ဘဏ္ဍာရေး မူဝါဒများကို ဆက်လက် အားဖြည့် ဆောင်ရွက်သွားမည် ဖြစ်သည်။
တရုတ်နိုင်ငံ၏ ဘဏ္ဍာရေးဝင်ငွေ တိုးတက်မှုနှုန်း ဇန်နဝါရီမှ ဇူလိုင်လအတွင်း အရှိန်အဟုန် ပိုမိုကောင်းမွန်လာ
Aug 24 • 1:44 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


