back

မကွေး-မင်းဘူး ကားလမ်းတွင် မော်တော်ယာဉ် တစ်စီး ချောက်အတွင်း ထိုးကျမှု ဖြစ်ပွား

Aug 24 • 1:42 AM

breaking-news

မြန်မာ

မကွေး

cover

မကွေး-မင်းဘူး ကားလမ်းတွင် မော်တော်ယာဉ် တစ်စီး ချောက်အတွင်း ထိုးကျမှု ဖြစ်ပွား

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ မင်းဘူး-မကွေး ကားလမ်း၊ ရှုခင်းသာ၏ တောင်ဘက် မိုင်တိုင်အမှတ် (၁/၂) အနီးတွင် ဩဂုတ် ၂၃ ရက် ညနေ ၆ နာရီခွဲခန့်က မော်တော်ယာဉ် တစ်စ...

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ မင်းဘူး-မကွေး ကားလမ်း၊ ရှုခင်းသာ၏ တောင်ဘက် မိုင်တိုင်အမှတ် (၁/၂) အနီးတွင် ဩဂုတ် ၂၃ ရက် ညနေ ၆ နာရီခွဲခန့်က မော်တော်ယာဉ် တစ်စီး ချောက်အတွင်းသို့ ထိုးကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။သတင်းရရှိသည်နှင့် မင်းဘူးမြို့နယ် မီးသတ်စခန်းမှ ရှာဖွေ ကယ်ဆယ်ရေး ယာဉ်ဖြင့် သွားရောက် ကူညီ ဆောင်ရွက်ခဲ့ပြီး၊ ယာဉ်ပေါ်ပါ အမျိုးသား တစ်ဦး သတိမေ့မြော ဒဏ်ရာရရှိခဲ့သဖြင့် မင်းဘူးမြို့နယ် ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း လူနာတင်ယာဉ်ဖြင့် မင်းဘူးမြို့နယ် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

news-view-count-icon

43