back

ပြည်ပစေလွှတ်လုပ်သားများ လစာ၏ ၂၅ ရာခိုင်နှုန်း တရားဝင် ငွေလွှဲအထောက်အထား မပြနိုင်ပါက အလုပ်ခေါ်စာများ ဆိုင်းငံ့မည်

Aug 23 • 11:33 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်ပစေလွှတ်လုပ်သားများ လစာ၏ ၂၅ ရာခိုင်နှုန်း တရားဝင် ငွေလွှဲအထောက်အထား မပြနိုင်ပါက အလုပ်ခေါ်စာများ ဆိုင်းငံ့မည်

အလုပ်သမားဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ပြည်ပသို့ စေလွှတ်ခဲ့သည့် အလုပ်သမားများ မိသားစုထံ လစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှ လွှဲပြောင်းထားသည့် အထောက်အထာ...

အလုပ်သမားဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ပြည်ပသို့ စေလွှတ်ခဲ့သည့် အလုပ်သမားများ မိသားစုထံ လစာ၏ ၂၅ ရာခိုင်နှုန်းကို တရားဝင်လမ်းကြောင်းမှ လွှဲပြောင်းထားသည့် အထောက်အထားအား တင်ပြနိုင်ခြင်းမရှိပါက လာမည့် စက်တင်ဘာလ ၁ ရက်မှစ၍ သက်ဆိုင်ရာ ပြည်ပအလုပ်အကိုင် အေဂျင်စီများကို အလုပ်ခေါ်စာ (Demand Letter) အသစ် တင်ပြခွင့် ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း သိရသည်။ ယခင်က စေလွှတ်လုပ်သား အရေအတွက်၏ ၅၀ ရာခိုင်နှုန်းသာ တင်ပြရန် လိုအပ်ခဲ့သော်လည်း ယခုအခါ စေလွှတ်ခဲ့သည့် လုပ်သား ရာနှုန်းပြည့်အတွက် တင်ပြခိုင်းလာသဖြင့် အေဂျင်စီများအနေဖြင့် လုပ်ငန်း ရပ်နားရသည်အထိ ခက်ခဲလာနိုင်ကြောင်း လုပ်ငန်းရှင်များက ဆိုကြပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးဌာနသို့ ပြန်လည်တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

news-view-count-icon

55