ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေသည် ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်း တိုင်းတာချက်များအရ စိုးရိမ်ရေမှတ်အထက် ၄ လက်မခန့် ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။ မြစ်ရေမြင့်တက်လာမှုကြောင့် ပြည်နယ်အတွင်းရှိ စာသင်ကျောင်း ၄၃ ကျောင်းအား ပိတ်ထားရပြီး ရေဘေးသင့် ပြည်သူ ၁,၀၀၀ ကျော်ကိုလည်း နီးစပ်ရာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။
ကရင်ပြည်နယ်ရှိ သံလွင်မြစ်ရေ ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိသဖြင့် စာသင်ကျောင်းများ ပိတ်ထားရ
Aug 23 • 11:32 AM
မြန်မာ
ကရင်
မျှဝေမည်
| 25 | 0 | 0 | 0 |


