back

တေးသံရှင် ကိုင်ဇာ၏ ဈာပနအခမ်းအနားအား မနက်ဖြန် ရေဝေးသုဿန်၌ ပြုလုပ်မည်

Aug 23 • 11:31 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

တေးသံရှင် ကိုင်ဇာ၏ ဈာပနအခမ်းအနားအား မနက်ဖြန် ရေဝေးသုဿန်၌ ပြုလုပ်မည်

အသည်းကင်ဆာနှင့် အဆုတ် ပိုးဝင်သည့်ရောဂါဖြင့် ရန်ကုန်မြို့ရှိ ဝိတိုရိယဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ဩဂုတ်လ ၂၂ ရက် ညပိုင်းက ကွယ်လွန်သွားခဲ့သည့် တေးသံရှင် ကိုင်ဇာ (ခ) ...

အသည်းကင်ဆာနှင့် အဆုတ် ပိုးဝင်သည့်ရောဂါဖြင့် ရန်ကုန်မြို့ရှိ ဝိတိုရိယဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် ဩဂုတ်လ ၂၂ ရက် ညပိုင်းက ကွယ်လွန်သွားခဲ့သည့် တေးသံရှင် ကိုင်ဇာ (ခ) ဦးညီညီဝင်း (အသက် ၆၅ နှစ်) ၏ ဈာပနအခမ်းအနားကို မနက်ဖြန် (ဩဂုတ် ၂၄ ရက်) မွန်းလွဲ ၃ နာရီတွင် ရေဝေးသုဿန်၌ ပြုလုပ်မည်ဖြစ်ပြီး ညနေ ၄ နာရီတွင် ဂူသွင်းသင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။ “အကျည်းတန်၏ အထီးကျန်အတ္ထုပ္ပတ္တိ”၊ “မနိုးပါစေနဲ့ မိုးရယ်” အစရှိသည့် တေးသီချင်းများဖြင့် ပရိသတ်အားပေးမှု များစွာရရှိခဲ့သူ တေးရေး၊ တေးဆို ကိုင်ဇာ၏ ကျန်ရစ်သူမိသားစုသည် ယနေ့နံနက်ပိုင်းက မရမ်းကုန်းမြို့နယ်ရှိ နေအိမ်၌ သက်ပျောက်ဆွမ်းကပ် တရားနာယူခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

34