back

နိုင်ငံတကာခရီးသွားများ ဖိတ်ခေါ်နိုင်သည်အထိ မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲများ နှစ်စဉ်ကျင်းပရန် တိုက်တွန်း 

Aug 23 • 11:30 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

နိုင်ငံတကာခရီးသွားများ ဖိတ်ခေါ်နိုင်သည်အထိ မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲများ နှစ်စဉ်ကျင်းပရန် တိုက်တွန်း 

မန္တလေးကွန်ဗင်းရှင်းစင်တာ၌ ဩဂုတ်လ ၂၂ ရက်က ကျင်းပခဲ့သည့် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲ ၂၀၂၆ (မန္တလေး) ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး...

မန္တလေးကွန်ဗင်းရှင်းစင်တာ၌ ဩဂုတ်လ ၂၂ ရက်က ကျင်းပခဲ့သည့် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲ ၂၀၂၆ (မန္တလေး) ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးက မြန်မာ့ရိုးရာအစားအစာ ပြိုင်ပွဲနှင့် ပြပွဲများကို စနစ်တကျ ပြင်ဆင်၍ နှစ်စဉ်ကျင်းပကာ နောက်နှစ်များ၌ နိုင်ငံတကာ ခရီးသွားများကိုပါ ဖိတ်ခေါ်နိုင်သည်အထိ ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။ နိုင်ငံတကာတွင် Gastronomy Tourism (အစားအသောက် အခြေပြု ခရီးသွားလုပ်ငန်း) ရေပန်းစားလာမှုနှင့်အတူ တိုင်းရင်းသားပေါင်းစုံ၏ မတူကွဲပြားသော အစားအစာ ယဉ်ကျေးမှုများကို Fine Dining အသွင်အပြင်ဖြင့် တင်ဆက်ထားသည့် အဆိုပါ ပြပွဲကို ပြခန်းပေါင်း ၁၄၁ ခန်းဖြင့် ဩဂုတ်လ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

34