back

တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်

Aug 23 • 11:29 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်

မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေသည့် ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း (အထက်ပိုင်း)၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် မိ...

မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေသည့် ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်း (အထက်ပိုင်း)၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးတိမ်တောင်များ ရွေ့လျားရာတစ်လျှောက် လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဩဂုတ်လ ၂၃ ရက်၌ ထုတ်ပြန်ထားသည်။ ထို့ပြင် နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်နှင့် ရခိုင်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ကမ်းခြေအနီး ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နေကြောင်း သိရသည်။

news-view-count-icon

31