back

ထိုင်းဘုရင်မ မွေးနေ့အထိမ်းအမှတ် ဆန်နှင့် ဆီ ပေးဝေမှုကြောင့် မယ်ဆိုင်သို့ သွားရောက်သူ များပြား

Aug 23 • 11:27 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းဘုရင်မ မွေးနေ့အထိမ်းအမှတ် ဆန်နှင့် ဆီ ပေးဝေမှုကြောင့် မယ်ဆိုင်သို့ သွားရောက်သူ များပြား

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၌ ထိုင်းဘုရင်မ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဆန်နှင့် ဆီများ ပေးဝေနေသဖြင့် တာချီလိတ်ဒေသခံ ပြည်သူများသည် ယနေ့ (ဩဂုတ် ၂၃ ရက်) မနက်အစောပိုင်...

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၌ ထိုင်းဘုရင်မ၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ဆန်နှင့် ဆီများ ပေးဝေနေသဖြင့် တာချီလိတ်ဒေသခံ ပြည်သူများသည် ယနေ့ (ဩဂုတ် ၂၃ ရက်) မနက်အစောပိုင်းမှစ၍ အမှတ် (၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် မယ်ဆိုင်မြို့သို့ သွားရောက်ရန် တန်းစီစောင့်ဆိုင်းသူ များပြားလျက်ရှိသည်။ အဆိုပါ တံတားဖြတ်သန်းသွားလာသူ များပြားမှုကြောင့် ပြည်သူများ သွားလာရေး အဆင်ပြေစေရန်နှင့် ယာဉ်ကြော မပိတ်ဆို့စေရန်အတွက် သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများက ပူးပေါင်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

news-view-count-icon

21