ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ရသေ့ပျံဂူနှင့် အလဝံအင်းသို့ ပြည်တွင်း/ပြည်ပ ခရီးသွားများ နေ့စဉ် လာရောက်လည်ပတ်လျက်ရှိရာ အလဝံအင်းအတွင်း သွားလာနိုင်ရေးအတွက် သဘာဝအခြေခံ စက်တပ်ဝါးဖောင်များ စီစဉ်ပေးထားသည်။ ဩဂုတ်လ ၂၂ ရက်တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က အဆိုပါ ခရီးစဉ်ဒေသသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ခရီးသွားများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေး၊ အင်းရေပြင်နှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ဒေသထွက်ကုန်နှင့် အမှတ်တရပစ္စည်းဆိုင်များ စနစ်တကျ ရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ဒေသခံများ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။


