ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် ဩဂုတ်လ ၂၃ ရက် နံနက် ၅ နာရီခန့်က လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဆားမလောက်ကျေးရွာအုပ်စုအတွင်းရှိ ဝါးတောကျေးရွာနှင့် ကွင်းကလေးကျေးရွာတို့မှ နေအိမ်အချို့ ပြိုကျပျက်စီးခြင်းနှင့် အမိုးလန်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ဆားမလောက် နယ်မြေမီးသတ်စခန်းမှ သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပျက်စီးသွားသည့် အဆောက်အအုံ အစိတ်အပိုင်းများကို သွားရောက်ဖယ်ရှား ရှင်းလင်းပေးခဲ့ပြီး လိုအပ်သည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် လေပြင်းတိုက်ခတ်၍ နေအိမ်အချို့ ပြိုကျအမိုးလန် ပျက်စီး
Aug 23 • 11:23 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 37 | 0 | 0 | 0 |


