မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်ရှိ ဆူဘမ်းဂျာယာမြို့နှင့် ကလန်းမြို့ မေရူးဈေးကြီးတို့တွင် မနေ့ နံနက် အစောပိုင်းက မြန်မာနိုင်ငံသား ၅၇ ဦး ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။လူဝင်မှုကြီးကြပ်ရေးဌာန အပါအဝင် ပူးပေါင်းအဖွဲ့များဖြင့် အော်ပရာစီ အထူးစစ်ဆင်ရေး ဝင်ရောက် စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား ၅၇ ဦး အပါအဝင် တရားမဝင် နိုင်ငံခြားသား အလုပ်သမား ၂၅၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။အဆိုပါ စစ်ဆေးမှုတွင် နိုင်ငံခြားသား ၇၁၀ ဦးကို စိစစ်ခဲ့ရာ တရားဝင် ခရီးသွား အထောက်အထား မရှိခြင်း၊ သက်တမ်းလွန် နေထိုင်ခြင်းနှင့် ဗီဇာ စည်းကမ်း ချိုးဖောက်ခြင်းတို့ကြောင့် အမျိုးသား ၅၀ ဦးနှင့် အမျိုးသမီး ၇ ဦး ပါဝင်သော မြန်မာနိုင်ငံသား ၅၇ ဦးအပြင် ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ နီပေါနှင့် ပါကစ္စတန် နိုင်ငံသားများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။လက်ရှိတွင် ဖမ်းဆီးခံရသူများအား မလေးရှား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ ဆက်လက် အရေးယူ ပြည်နှင်ဒဏ်ပေးနိုင်ရန် ဆမန်းယေး ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ထားပြီး၊ အာဏာပိုင်များကလည်း တရားမဝင် အလုပ်သမားများအား လက်ခံထားခြင်း မပြုရန် အလုပ်ရှင်များကို သတိပေးထားသည်။
Aug 24 • 1:48 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


