ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဒင်းဒန်း (Din Daeng) ခရိုင်ရှိ တိုက်ခန်းငယ်တစ်ခုအတွင်း အသက် ၅ နှစ်မှ ၁၅ နှစ်အရွယ် မြန်မာကလေးငယ် ၆၄ ဦးအား အိမ်ထောင်စုစာရင်း သွင်းထားသည်ကို အမျိုးသမီးတစ်ဦးက စတင်တွေ့ရှိခဲ့ရာမှ နိုင်ငံခြားသားများအား လိမ်လည်မှတ်ပုံတင်ပေးနေသည့် ကွန်ရက်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ အာဏာပိုင်များက ဆက်လက်စစ်ဆေးရာ ဒင်းဒန်းတိုက်ခန်းများ၌ နိုင်ငံခြားသား ကလေးငယ် ၁,၄၆၈ ဦးအထိ စာရင်းသွင်းထားသည်ကို ထပ်မံတွေ့ရှိခဲ့ရပြီး ပန်းရောင်ကတ် (Pink Card) ရရှိရေးအတွက် ငွေကြေးယူကာ မမှန်မကန် ဆောင်ရွက်ပေးခဲ့သည့် ခရိုင်ရုံးဝန်ထမ်း ၃ ဦး အပါအဝင် သံသယရှိသူ ၇ ဦးကို ဖမ်းဆီးခဲ့သည်။ ထို့ပြင် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ (BMA) ၏ စစ်ဆေးချက်အရ ဘန်ကောက် ခရိုင် ၅၀ အတွင်းရှိ နေအိမ်တစ်သောင်းကျော်၌ ပန်းရောင်ကတ်ကိုင် နိုင်ငံခြားသား ၁၆,၀၀၀ ကျော် မှတ်ပုံတင်ထားသည်ကို တွေ့ရှိရသဖြင့် ပြည်ထဲရေးဝန်ကြီးဌာနနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့တို့က နိုင်ငံတစ်ဝန်းအထိ ဆက်လက်စုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ဘန်ကောက်ရှိ တိုက်ခန်းငယ်တစ်ခုတွင် မြန်မာကလေး ၆၄ ဦး စာရင်းသွင်းထားသည့် မှတ်ပုံတင်လိမ်လည်မှုကြီး ပေါ်ပေါက်
Aug 23 • 8:30 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


