back

မန္တလေးတိုင်းဒေသကြီးအတွင်း မိုးကြီးမှုကြောင့် ခရမ်းချဉ်သီး ရောင်းအားမြှင့်သဖြင့် ဈေးနှုန်းများ ကျဆင်း

Aug 23 • 8:33 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်းဒေသကြီးအတွင်း မိုးကြီးမှုကြောင့် ခရမ်းချဉ်သီး ရောင်းအားမြှင့်သဖြင့် ဈေးနှုန်းများ ကျဆင်း

မန္တလေးတိုင်းဒေသကြီးအတွင်း မိုးကြီးမှုကြောင့် ခရမ်းချဉ်သီးများ မပျက်စီးမီ အမြန်ခူးဆွတ် တင်ပို့ရောင်းချနေရသဖြင့် ဈေးကွက်အတွင်း အသီးများ ပေါများကာ ဈေးနှုန်းများ သ...

မန္တလေးတိုင်းဒေသကြီးအတွင်း မိုးကြီးမှုကြောင့် ခရမ်းချဉ်သီးများ မပျက်စီးမီ အမြန်ခူးဆွတ် တင်ပို့ရောင်းချနေရသဖြင့် ဈေးကွက်အတွင်း အသီးများ ပေါများကာ ဈေးနှုန်းများ သိသိသာသာ ကျဆင်းလျက်ရှိသည်။ အရင်က ၁၈ ပိဿာမှ ၂၀ ပိဿာပါ ခရမ်းချဉ်သီး တစ်သေတ္တာလျှင် ကျပ် ၄၅,၀၀၀ ဝန်းကျင် ရရှိခဲ့သော်လည်း လက်ရှိတွင် ကျပ် ၃၀,၀၀၀ ဝန်းကျင်သာ ရရှိတော့ကြောင်း သိရသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့် သိုလှောင်ပါက ပျက်စီးနိုင်မှုတို့ကြောင့် ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် မကိုက်ညီသော်လည်း တောင်သူများအနေဖြင့် အမြန်ရောင်းချနေရပြီး ရာသီဥတုနှင့် ကုန်စည် ဝင်ရောက်မှု အခြေအနေများကြောင့် အခြားကုန်စိမ်း သီးနှံများအပါအဝင် ရှေ့လာမည့် တစ်လခန့်အထိ ဈေးနှုန်းများ ဆက်လက်ကျဆင်းနိုင်ကြောင်း အောင်ပွဲရုံပိုင်ရှင် ဦးအောင်မိုးနိုင်က ပြောကြားခဲ့သည်။

news-view-count-icon

33