back

ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွား

Aug 23 • 8:22 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့၌ မိုးသည်းထန်စွာ ရွာသွန်းသဖြင့် အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွား

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဩဂုတ်လ ၂၂ ရက် သန်းခေါင်ယံအချိန်မှစ၍ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် ရပ်ကွက် (၁)၊ (၅)၊ (၇)၊ (၈) နှင့်...

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ဩဂုတ်လ ၂၂ ရက် သန်းခေါင်ယံအချိန်မှစ၍ မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် ရပ်ကွက် (၁)၊ (၅)၊ (၇)၊ (၈) နှင့် (၁၂) တို့ရှိ နေအိမ်များနှင့် လမ်းများပေါ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး အနိမ့်ပိုင်းနေအိမ်များ ညတွင်းချင်း ပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။ ရေစီးသန်သည့်အတွက် ပရဟိတအဖွဲ့များက ကြိုးများဖြင့် ချိတ်ဆက်ကာ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးခဲ့ရပြီး မန်ဆူဘက်တွင် ဆိုင်ခန်းအချို့ ရေမြုပ်ကာ ပစ္စည်းများ ပျက်စီးခဲ့သည်။ ထို့ပြင် မိုးလေဝသ ပညာရှင်များကလည်း ရှမ်းမြောက်ဒေသများ၌ ရက်ရှည် မိုးသည်းထန်စွာ ရွာသွန်းနိုင်သဖြင့် တောင်ပြိုခြင်း၊ မြေပြိုခြင်းနှင့် ချောင်းရေ ရုတ်တရက် မြင့်တက်နိုင်သည့် အန္တရာယ်များကို သတိပေးထားကြောင်း သိရသည်။

news-view-count-icon

25